Skip to content
Opens in a new window
ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works
16 September 2026

ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

About
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။ ဖိဒဲလ် (Fedele)၊ ကဲရောလ် (Carol) နဲ့ အဘီးရ် (Abeer) တို့ရဲ့ ဇာတ်လမ်းတွေကနေတစ်ဆင့် ဩစတြေးလျရဲ့ အစိုးရအဆင့်သုံးဆင့် ဘယ်လိုလည်ပတ်သလဲဆိုတာကို လေ့လာလိုက်ပါ။ ဒေသန္တရ၊ ပြည်နယ် (သို့မဟုတ်) အထူးဒေသအစိုးရ နဲ့ ဖက်ဒရယ် (ဗဟို) အစိုးရတို့မှာ ဘယ်လိုတာဝန်ယူမှုတွေ ရှိကြသလဲဆိုတာနဲ့ အကူအညီအတွက် ဘယ်သူ့ထံ ဆက်သွယ်ရမလဲဆိုတာကို ရှာဖွေလေ့လာလိုက်ပါ။

"How Australia Works" ဆိုတာ ဩစတြေးလျမှာ အစိုးရ ဘယ်လိုလည်ပတ်သလဲ၊ ဥပဒေတွေကို ဘယ်လိုပြုလုပ်ပြီး ပြောင်းလဲသလဲ၊ ပြီးတော့ သင့်အနေနဲ့ ကိုယ့်သဘောထားဆန္ဒကို ဘယ်လိုထုတ်ဖော်နိုင်မလဲဆိုတာကို နားလည်အောင် ကူညီပေးဖို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေနဲ့ ရှင်းလင်းတဲ့ ရှင်းပြချက်တွေကို အသုံးပြုထားတဲ့ SBS ရဲ့ ပေါ့ဒ်ကတ်စ် (Podcast) တစ်ခု ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို နားဆင်ပါ၊ How Australia Works ရဲ့ မူလစာမျက်နှာမှာ ဘာသာစကား ၆၀ နဲ့ ထုတ်လွှင့်ထားတာကို ရှာဖွေနားဆင်နိုင်ပါတယ်။