Skip to content
Opens in a new window
EP 010: အသည်းနုတဲ့ ညိုကီဘဲဥ
03 May 2025

EP 010: အသည်းနုတဲ့ ညိုကီဘဲဥ

ညိုကီ FM

About

ဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။


အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။


မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအ‌ဖြစ် အောက်သက်ကျေတဲ့ ညိုကီ။


မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ "ဘဲဥ" ဆိုတဲ့ သူ့ဇာတ်ကောင်က အမျိုးသမီးတစ်ဦး အပေါ်အင်မတန် စွဲလန်းတဲ့ အသည်းနုတဲ့ ညိုကီတစ်ယောက်အဖြစ် သရုပ်ဆောင်ချက်မှာ BPN ဝိုင်းတော်သားတွေရော၊ အခြားရုပ်ရှင်ချစ်သူတွေပါ ကြွေခဲ့ရ၊ ကြည့်ရှုသူတွေဆီကနေ ကောင်းတဲ့ ဝေဖန်ချက်တွေ ရလာခဲ့တဲ့ ညိုကီ။


ဒီညိုကီရဲ့ နာမည်ကတော့ “Will” ပါ။ သူ့ရုပ်ရှင်ကြည့်ဖူးတဲ့ ပရိသတ်တွေကတော့ ယနေ့အထိ ချစ်စနိုးနဲ့ အပြင်မှာတွေ့ရင် “ဘဲဥ” လို့ခေါ်ကြတယ်။


ဒီအပိုင်းမှာ ညိုကီ"ဘဲဥ" က

🎥ရုပ်ရှင်အပေါ် ရူးသွပ်မှုအကြောင်းတွေ

🎥ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ဖို့ အမြဲကြိုးစားတဲ့ ဘဲဥ၊ ရုပ်ရှင်တွေ ရိုက်ရင် ဘယ်လိုစိတ်ခံစားချက်တွေ သွင်းရလဲ။

🎥ပေါကားတွေအပေါ် သူ့အမြင်



စတဲ့အကြောင်းအရာတွေကို ပြောထားပါတယ်။


ညိုကီဘဲဥရဲ့ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ပိုင်းနဲ့ သူ့ရဲ့ အနုပညာအပေါ်ခံယူချက်တွေကို နားထောင်ကြည့်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်စွာဖြင့်တင်ဆက်လိုက်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠