
About
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ပြည်သူ့လွှတ်တော်စတင်ကျင်းပပြီး ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်တဲ့သတင်း
-ကွတ်ခိုင်မြို့ကို MNDAA ကိုးကန့်တပ်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့
-ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ တာဝန် ပြီးဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ