Opens in a new window
4th April_Lenten Devotions 2026 _ WOH
04 April 2026

4th April_Lenten Devotions 2026 _ WOH

Behold Your King! (Lenten Devotion 2026)

About
မေတ္တာလက်ဆောင်။

သန့်ရှင်းသောစနေနေ့၊ ဧပြီလ ၄ ရက်၊ ၂၀၂၆ခုနှစ်။



ကျမ်းချက်။ ။ ထိုနောက်မှ အရိမသဲမြိုသားယောသပ်သည် ယုဒလူတိုကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသိုဝင်၍ ယေရှု ၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ အထက်က ညအခါ ယေရှုထံသိုလာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။ ထိုသူတိုသည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို ၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥ ယျာဉ်၌တစ်ယောက်ကိုမျှမသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။(ရှင်ယောဟန် ၁၉:၃၈က၊ ၃၉-၄၁၊ ၄၂ခ )

သခင်ယေရှုသည် မိမိ၏ခန္ဓာကိုယ် ဘာဖြစ်မည်ကို ကြိုတင်သိခဲ့မည်လားဟု ကျွန်ုပ်မသိပါ။ သုံးရက်မြောက်သောနေ့တွင် ခမည်းတော်သည် မိမိကို သေခြင်းထဲမှ ထမြောက်စေမည်ကို သိသောကြောင့် ခ မည်းတော်မှကိုင်တွယ်ဖြေရှင်းရန် ယုံကြည်စွာဖြင့် အသက်ကိုစွန့်တော်မူခဲ့သည်။ ထိုအပြင် သမ္မာကျမ်းစာတွင် မိမိ၏ခန္ဓာကိုယ်သည် မပုပ်သိုးဘဲ သင်္ဂြိုဟ်ခြင်းကိုခံရမည့်အကြောင်း၊ သင်္ဂြိုဟ်ခြင်းဝတ်သည်လည်း ချမ်းသာသူတစ်ဦးနှင့် ဆက်စပ်နေမည်ဟု ကြိုဟောထားသည်ကို သခင်ယေရှုသိတော်မူသည်။ (ဆာလံ ၁၆:၁၀; ဟေရှာယ ၅၃:၉ ကိုဖတ်ပါ)



သခင်ယေရှုကိုချစ်သောသူတိုမှ သခင်ယေရှုကိုဂရု စိုက်မှုသည့်အတွက် ကျွန်ုပ်ဝမ်းမြောက်မိသည်။ ယောသပ်နှင့် နိကောဒင်တိုသည် သခင်ယေရှု၏ နောက်လိုက်များထဲတွင် ပါဝင်ခဲ့ကြသော်လည်း ဤအချိန်အထိ လျှိဝှက်စွာရှိနေခဲ့ကြသည်။ သင်္ဂြိုဟ်ခြင်းဝတ်သည် သခင်ယေရှုအား ပေးနိုင်သည့်သူတို ၏ နောက်ဆုံးမေတ္တာလက်ဆောင်ဖြစ်လိမ့်မည်ဟု ကသူတိုယုံကြည်ခဲ့မည်မှာ သေချာသည်။ အရာအားလုံးပြီးဆုံးသွားပြီဟု သူတိုထင်ခဲ့ကြသည်။ သိုသော် ၎င်းသည် မဟုတ်ပါ။ အကြောင်းမှာ သခင်ယေရှုသည် သူတိုနှင့် ကျွန်ုပ်တိုအားလုံးကို သေသည်တိုင်အောင်ချစ်တော်မူခဲ့သည်။ မကြာမီ တစ်ရက် သိုမဟုတ် နှစ်ရက်အတွင်း သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူပြီး ထာဝရတည်တံ့မည့် အသက်နှင့် ဝမ်းမြောက်ခြင်းအားလုံးကို ကျွန်ုပ်တိုအားပေးသနားတော်မူလိမ့်မည်။


ဆုတောင်းချက်။ ။သခင်ဘုရား၊ ကိုယ်တော်၏လူများသည် ကိုယ်တော်အား ဤနည်းဖြင့်ချစ်တော်မူ၍ ယုံကြည်သောကြောင့် ကျေးဇူးတင်ပါ၏။ အာမင်။



သုံးသပ်ချက်မေးခွန်းများ-

• ယောသပ်နှင့် နိကောဒင်တိုသည် သူတို၏လုပ်ရပ်များကြောင့် ဒုက္ခရောက်ခဲ့မည်ဟုထင်ပါသလား။

• အသက်ကုန်ဆုံးတော့မည့် သိုမဟုတ် အသက်ကုန် ဆုံးသွားသူတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖူးပါသလား။

• ဤသည်က အဘယ်သို မေတ္တာလက်ဆောင်ဖြစ်ခဲ့ရ သနည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion