3rd April_Lenten Devotions 2026 _ WOH
03 April 2026

3rd April_Lenten Devotions 2026 _ WOH

Behold Your King! (Lenten Devotion 2026)

About
မေတ္တာဇာတ်လမ်း။

မဟာသောကြာနေ့၊ ဧပြီလ ၃ ရက်၊ ၂၀၂၆ခုနှစ်။



ကျမ်းချက်။ ။ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။(ရှင်လုကာ ၂၃:၄၄-၄၆)



မဟာသောကြာနေ့သည် ဘုရားသခင် မည်သိုအ သက်စွန့်ခဲ့ပုံကိုပြောပြသောနေ့ဖြစ်သည်။ အရာခပ် သိမ်းကို ဖန်ဆင်းတော်မူ၍ မည်သည့်အခါမျှ မသေနိုင်သော ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိ အသက်စွန့်၍ အသေခံတော်မူခဲ့သည့် အကြောင်းအရာဖြစ်သည်။ ဘုရားသခင်သည် ဤအကြောင်းကြောင့်ပင် လူသားဖြစ်လာတော်မူခဲ့သည်။ သိုမှသာ ဘုရားသခင်သည် ဒုက္ခခံ၍ အသက်စွန့်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ဘုရားသခင်၏ရန်သူများသည် ဘုရားသခင်ကို လို အပ်သောကြောင့်ဖြစ်သည်။

ထိုရန်သူများသည် အဘယ်သူများဖြစ်ကြသနည်း။ မိတ်ဆွေနှင့် ကျွန်ုပ်တိုအပါအဝင် ဘုရားသခင်ထံမှ လှည့်ထွက်လာပြီး မိမိတိုလိုချင်သည်ကိုသာ လိုက်ရှာခဲ့သော လူတိုအားလုံးပါဝင်သည်။ ကျွန်ုပ်တို၏ ကမ္ဘာ၊ ကျွန်ုပ်တို၏ဘဝ၊ ကျွန်ုပ်တို၏အတ္တများကို ချိုးဖျက်ဖို အချိန်မကြာခဲ့ပါ။ ထိုအပြင် ကျွန်ုပ်တို သည် ကိုယ်တိုင် ပြန်၍စုစည်းခြင်းငှာ မတတ်စွမ်းနိုင်ကြပါ။ သိုသော် ဘုရားသခင် တတ်နိုင်တော်မူသည်။ဘုရားသခင်လုပ်ဆောင်ပေးနိုင်တော်မူခဲ့သည်။

ဘုရားသခင်သည် ကျွန်ုပ်တိုကို ချစ်တော်မူသော ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို ကယ်တင်တော်မူလိုသောကြောင့်၊ ကျွန်ုပ်တိုကို ပြန်လည်ပြုပြင်တော်မူလိုသောကြောင့်၊ သူ၏ချစ်လှစွာသော သားသမီးများအဖြစ် ကောင်းကင်နိုင်ငံ တော်တွင် သူနှင့်အတူ ထာဝရပျော်ရွှင်စွာ အသက်ရှင်နေထိုင်ရန် အိမ်သို ခေါ်ဆောင်လိုသောကြောင့်ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ထိုလက်ဝါး ကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့ခြင်း ဖြစ်သည်။ ထိုအပြင် သခင်ယေရှုလုပ်ဆောင်ခဲ့သည့်အရာမှာ စိတ်ဆန္ဒအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မိတ်ဆွေအတွက်ဖြစ်သည်။ ဘုရားသ ခင်သည် မိတ်ဆွေကို ချစ်တော်မူသောကြောင့်ဖြစ် သည်။ ယခု သခင်ယေရှုသည် သေခြင်းမှ ထမြောက်တော်မူပြီဖြစ်၍ မိတ်ဆွေသည် ဘုရားသခင်၏လူအဖြစ်ဘုရားသခင်နှင့်အတူ ထာဝရရှိနေရန် မိတ်ဆွေကို ခေါ်ယူတော်မူ၏။



ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်သည် ကိုယ် တော်ကို ချစ်ပါ၏။ ကျွန်ုပ်အား ကိုယ်တော်နှင့်အတူ ထာဝရရှိစေတော်မူပါ။ အာမင်။


သုံးသပ်ချက်မေးခွန်းများ-

• သခင်ယေရှုသည် သူ့အပေါ်ဖြစ်ပျက်ခဲ့သည်များအ တွက် ကျွန်ုပ်တိုကို အပြစ်တင်ဖူးပါသလား။ အ ဘယ်ကြောင့် အပြစ်တင်တော်မမူရသနည်း။

• ထိုသိုဆိုပါက သခင်ယေရှုသည် ကျွန်ုပ်တိုအပေါ် အဘယ်သို သဘောထားတော်မူသနည်း၊

• အဘယ်သိုပြောပြနိုင်ပါမည်နည်း။



#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion