About
ပုံးရည်
အင်္ဂါနေ့၊ မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတိုသည် ရေမှိတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သိုကပ်ထားကြ၏။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊အမှုပြီးပြီဟု မိန့်တော်မူ၏။(ရှင်ယောဟန် ၁၉:၂၈-၃၀က)
သူတို သခင်ယေရှုကို ကမ်းပေးသောပုံးရည်အ ကြောင်း ကျွန်တော် တွေးမိသည်။ အဘယ်ကြောင့်ဆိုသော်ပုံးရည်ကို ကျွန်တော်တို နည်းလမ်းနှစ်မျိုးဖြင့် ယူဆနိုင်သည်။ ဆာလံ ၆၉:၂၁ တွင်ရေးထားသည့် အတိုင်းလှောင်ပြောင်မှုတစ်မျိုးဟုယူဆနိုင်ပါသည်။ ထိုအမှုအရာသည် သခင်ယေရှု၏အမှုတော်မြတ်ကို ပြီးပြည့်စုံစေမည့် ကျမ်းစာချက် ဖြစ်သည်။ သိုမ ဟုတ် ကရုဏာပြသသည့် လုပ်ရပ်တစ်ခုအဖြစ် ယူဆနိုင်သည်။ ပုံးရည်သည် ရောမစစ်သားများ သောက်ခဲ့သော posca ဖြစ်နိုင်ခြေများပြီး အရသာသည်လည်း ထိုနည်း၄င်းပင်ဖြစ်လိမ့်မည်။ သူတိုသည် သ ခင်ယေရှုကို အနည်းငယ် ပို၍သက်တောင့်သက်သာရှိစေရန် သူတို၏အရက်ကို ကမ်းပေးခြင်းဖြစ်လိမ့်မည်။
မည်သိုပင်ဆိုစေကာမူသခင်ယေရှုလက်ခံတော်မူခဲ့သည်။ဤသည်ကမိမိအသက်မစွန့်မီနောက်ဆုံးပြုရမည့်ဝတ်ဖြစ်သည်။အဘယ်ကြောင့်နည်း။ဤသည်ကတပည့်တော်များကိုပထမဆုံးအကြိမ် ပွဲတော်မင်္ဂလာပေးပြီးနောက်မိန့်တော်မူခဲ့သော စကားနှင့် ဆက်စပ်နေသည်ဟု ကျွန် တော်ထင်သည်။ “ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။" (လုကာ ၂၂:၁၈)
ယခုအခါသခင်ယေရှုအသက်စွန့်ရမည့်အချိန်အနည်းငယ်သာလိုတော့သည်နှင့်အမျှဘုရားသခင်၏နိုင်ငံတော်သည်ကျွန်တော်တို၏မှောင်မိုက်ခြင်းနှင့်အပြစ်နှင့်ပြည့်သောကမ္ဘာကြီးထဲသိုဤအချိန်၊ဤအခိုက်အတန့်မှာပင်အလျင်အမြန်ဝင်ရောက်လာတော့မည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် သခင်ယေရှုသည်သေခြင်းထဲမှထမြောက်သောအခါကောင်းဘကင်နိုင်ငံတော်၏ဘုန်းအသရေသည်နေကဲ့သိုထွန်းလင်းတော်မူလိမ့်မည်။သခင်ယေရှုကိုယုံကြည်ကိုးစားကြသောကျွန်တော်တိုသည်ဝမ်းမြောက်ခြင်းနှင့်ကောင်းချီးမင်္ဂလာများဖြင့်ကောင်းကင်နိုင်ငံတော်တွင် ထာဝရနေထိုင်ကြရလိမ့်မည်။
ဆုတောင်းချက်။ ။ကိုယ်တော်၏နိုင်ငံတော်ကို ကျွန်ုပ်တိုထံ ယူဆောင်လာပေးသည့်အတွက် ကျေးဇူးတင်ပါ၏ သခင်။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• ဘုရားသခင်၏နိုင်ငံတော်အကြောင်း စဉ်းစားသည့်အခါ ဘာကို တွေးမိသနည်း။
• ကျွန်ုပ်တိုမသေဆုံးမီ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ၏နိုင်ငံတော်သည် ယခုပင် မည်သိုထင်ရှားတော်မူသနည်း။
• ဘုရားသခင်၏နိုင်ငံသားများအနေဖြင့် နိုင်ငံတော်ထဲသို အဘယ်သိုဝင်ရောက်နိုင်မည်နည်း။ သခင်ယေရှု နှင့် အဘယ်သို သက်ဆိုင်တော်မူသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion