About
မှောင်မိုက်
တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ (ရှင်မဿဲ ၂၇: ၄၅-၄၆)
သခင်ယေရှုမှ ဘုရားသခင်ကို “အကျွန်ုပ်ဘုရား၊အ ကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” ဟု အော်ဟစ်ခဲ့သည်ကို ကျွန်တော်ဝမ်းသာ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တိုအားလုံး အသက်ရှင်နေထိုင်ကြသူတိုင်းသည် နှလုံး သားထဲမှ ထိုနည်းတူညည်းတွားလျှက် အချိန်ကို ဖြတ်သန်းရလိမ့်မည်ဟု ကျွန်တော်ထင်သည်။ ချစ်ရသူတစ်ယောက်ကို ဆုံးရှုးလိုက်ရသည့်အခါ၊ သိုမ ဟုတ် ဆက်ဆံရေးပျက်သွားသည့်အခါ၊ ဆိုးရွားသောရောဂါရှာဖွေတွေ့ရှိမှုရသည့်အခါ၊ တစ်နှစ်လုံး မကောင်းမှုများ ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ရပြီး အခြေ အနေကို မခံနိုင်တော့သည့်အခါ ထိုနည်းတူစွာ ငိုကြွေးဖူးကြလိမ့်မည်။
ထိုနောက် ကျွန်တော်တို၏ မှောင်မိုက်ထဲမှ ဘုရား သခင်ထံ အော်ဟစ်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အော်ဟစ်ရန် အခြားမည်သူမျှကျွန်တော်တိုတွင်မရှိသောကြောင့်ဖြစ်သည်။
သခင်ယေရှုသည် ကျွန်တော်တို၏မှောင်မိုက်ကို မျှ ဝေခဲ့သောကြောင့် သိတော်မူ၏။ ဆုတောင်းသော် လည်း အဖြေမရခြင်း၊ ဘုရားသခင်မရှိဟု ဘုရားသ ခင်၏မျက်မှောက်တော်၌ ပြင်းထန်စွာခံစားရခြင်း အကြောင်းကိုလည်း သခင်ယေရှုသိတော်မူ၏။ ကျွန်တော်တိုတွေ့ကြုံခံစားရသမျှကိုသခင်ယေရှုသိတော်မူ၏။ သခင်ယေရှုသည် ဆာလံကျမ်းအခန်းကြီး ၂၂ မှနှုတ်ကပတ်တော်အားဖြင့် ဟစ်အော်တော်မူ၏။
ဤသည်က ကျွန်တော့်ကို နှစ်သိမ့်မှုပေးသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသာ ထိုသိုဟစ်ကြွေးနိုင်ပါက ကျွန်တော်သည်လည်း ဟစ်ကြွေးနိုင်မည်။ သခင်ယေရှု၌ ထိုခံစားချက်များ ရှိပါက ကျွန် တော်၌လည်း ရှိနိုင်သည်။ ကျွန်တော့်အသက်တာ ၏ အမှောင်ဆုံးအချိန်မှာပင် လူသားတစ်ယောက်အနေဖြင့် လူ့ဇာတိခံယူတော်မူသောဘုရားသခင်ကိုယ် တော်တိုင် ကျွန်တော်၏ရှေ့တွင် ရှိနေကြောင်းကို ကျွန်တော်သိမြင်ခံစားရသည်။ ဘုရားသခင်ကို ကျွန်တော် မမြင်နိုင်၊ မခံစားနိုင်သည့်အချိန်မှာပင်ယခု ကျွန်တော်နှင့်အတူ သခင်ယေရှုရှိနေတော်မူသည်။ ထိုအပြင် ကျွန်တော့်ကို လဲကျခွင့်ပေးတော်မမူ။
ဆုတောင်းချက်။ ။အကျွန်ုပ်၏မှောင်မိုက်ထဲ၌ သ ခင်၊ အကျွန်ုပ်ကို စကားပြောတော်မူပါ။ အကျွန်ုပ်နှင့်အတူရှိတော်မူပါ။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• သခင်ယေရှုမှ ပုံမှန် “ခမည်းတော်” ဟုမဟုတ်ဘဲ “အ ကျွန်ုပ် ဘုရား” ဟု ဤနေရာတွင် မိန့်တော်မူရသည် မှာ အဘယ်ကြောင့်ဟု ထင်သနည်း။
• ဆာလံ ၂၂ ကိုဖတ်ပါ။ ၎င်းတွင် သခင်ယေရှုကို အဘယ်အရာက အမှတ်ရစေတော်မူသနည်း။
• မိတ်ဆွေ၏အမှောင်ဆုံးအချိန်များ၌ အဘယ်သူသည် မိတ်ဆွေအတွက် ရှိနေပေးခဲ့သနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion