About
တို့ထိနိုင်သော။
သန့်ရှင်းသောကြာသပတေးနေ့၊ ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ်
ကျမ်းချက်။ ။ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တိုအား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတိုအားပေးတော်မူ၍ သင်တိုရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တိုနှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။ (ရှင်မဿဲ ၂၆:၂၆-၂၉ )
သခင်ယေရှုသည် သေဆုံးခြင်း၊ ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို တက်ကြွခြင်းတိုကို မပြုမီ ထိတွေ့ခံစားနိုင်သောတစ်စုံတစ်ခုကို ပေးသနားတော်မူသည့်အတွက် ကျွန်ုပ် အလွန်ဝမ်းမြောက်မိပါသည်။
အဘယ်ကြောင့်ဆိုသော် တစ်ခါတလေ စကားလုံးများ၊ ဖြစ်ရပ်များထက် ပိုပြီး ကျွန်ုပ်တို လိုအပ်ကြသည်။ ကျွန်ုပ်တို၏ခန္ဓာကိုယ်၊ အာရုံငါးပါးဖြင့်ခံ စားသိမြင်နိုင်မည့်အရာလိုအပ်သည်။ "ဒါက တကယ့်ပဲ။ မင်းကိုယ်တိုင် ထိတွေ့ကိုင်တွယ်နိုင်တယ်" ဟုပြော သည့်တစ်ခုခု လိုအပ်သည်။ ဤသည်ကို ကျွန်ုပ်တိုခံယူသောပွဲတော်မင်္ဂလာနှင့် ဗတ္တိဇံမင်္ဂလာများမှ လုပ်ဆောင်ပေးသည်။
သခင်ယေရှုသည် ကျွန်ုပ်တိုကို သိတော်မူသော ကြောင့်၊ ကျွန်ုပ်တိုကို ဖန်ဆင်းတော်မူသောကြောင့် ဤနည်းဖြင့် ကျွန်ုပ်တိုအား ကိုယ်တော်တိုင် ပေးအပ်တော်မူ၏။ သခင်ယေရှုသည် ကျွန်ုပ်တို၏ စိတ်နှင့် ဝိညာဉ်များကို ဂရုစိုက်သကဲ့သို ကျွန်ုပ်တို၏ ခန္ဓာများကိုလည်း ဂရုစိုက်တော်မူ၏။ ၎င်းတိုသည် သခင်ယေရှုအတွက် အရေးပါသည်။ ထိုကြောင့် သခင်ယေရှုသည် ဤမြင်သာသော၊ ထိတွေ့နိုင်သော၊ အရ သာရှိသော ပုံသဏ္ဌာန်ဖြင့် ကျွန်ုပ်တိုအား မိမိကိုယ်ကို ပေးသနားတော်မူ၏။ သခင်ယေရှုပြန်ကြွလာခြင်းမပြုမီ ဤနှစ်များအတွင်း ကျွန်ုပ်တိုအား ကူညီရန် နောက်ထပ်နှစ်သိမ့်မှုကို ပေးသနားတော်မူ၏။
သခင်ယေရှုသည်ကျွန်ုပ်တိုအားကိုယ်တော်တိုင်ပေးသနားတော်မူခြင်းဖြင့်ကျွန်ုပ်တို၏ခန္ဓာကိုယ်များအတွက်လည်းအခြေခံအုတ်မြစ်ဖြစ်လာသည်။ ကျွန်ုပ်တို၏အစားအစာအဖြစ် မိမိ၏ခန္ဓာကို ပေးသနားတော်မူခြင်းဖြင့် သခင်ယေရှုသည် ကျွန်ုပ်တိုကို သူနှင့် ထာဝရပေါင်းစည်းစေသည်။ ကျွန်ုပ်တို စိတ်ကူးနိုင်သည်ထက် ပိုမိုနီးကပ်စွာ ပေါင်းစည်းပေးတော်မူသည်။ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူပြီး သေခြင်းမှ ထမြောက်တော်မူသော သခင်ယေရှု၏ ခန္ဓာကိုယ်နှင့် အသွေးတော်သည် ထာဝရကျွန်ုပ်တို ၏မူပိုင်ဖြစ်ပြီး ကျွန်ုပ်တိုသည်လည်း ဘုရားသခင် ၏မူပိုင်များဖြစ်ကြသည်။
ဆုတောင်းချက်။ ။ကျေးဇူးတင်ပါ၏၊ သခင်။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• အဘယ်ကြောင့် ပွဲတော်မင်္ဂလာဝတ်ကို မိတ်ဆွေ ခံယူသနည်း။
• သမ္မာကျမ်းစာကိုဖတ်ပြီး တရားဟောချက်များကို နားထောင်ရုံဖြင့် လုံလောက်ပါသလား။
• သခင်ယေရှုသည် မိတ်ဆွေထံ ဤမျှနီးကပ်လာပါက မိတ်ဆွေအပေါ်ထားရှိသော သခင်ယေရှု၏စိတ်သဘောတော်များအကြောင်း မည်သည်ကိုပြောပြသနည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion