About
မည်သည့်အခါမျှ လက်လှမ်း၍မမီသော။
စနေနေ့၊ မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတိုကိုလည်းကောင်း၊ ကယ်တင်လော့ဟုကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတိုသည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။(ရှင်လုကာ ၂၃:၃၉-၄၃)
ထိုလူအကြောင်း ကျွန်တော် တွေးမိသည်။ သူတိုနှစ်ယောက်စလုံး လွတ်လပ်နေခဲ့သည့်အချိန်က သခင် ယေရှုနှင့် တွေ့ခဲ့ဖူးကြမည်လား။ တွေ့ဆုံခဲ့ဖူးသည့်အ တွက် သူသေဆုံးခါနီးမှသာ ယုံကြည်ခြင်းမျိုးစေ့က ကြီးထွားလာခြင်းလား။ သိုမဟုတ် သူတိုနှစ်ဦးစလုံး လက်ဝါးကပ်တိုင်တွင် ချိတ်ဆွဲခံထားရသည့်အချိန်မှသာ သခင်ယေရှုထံမှသူတိုအထင်ကြီးစရာများကို မြင်တွေ့ခဲ့ရသောကြောင့်လား။
မည်သိုပင်ဆိုစေကာမူ အလုပ်ဖြစ်ခဲ့သည်။ ထိုအပြင် ကျွန်ုပ်၏အသက်တာထဲ၌ ကျွန်ုပ်ဂရုစိုက်သောလူတချိုအတွက် မျှော်လင့်ချက်ဖြစ်စေသည်။ ကျိုးပဲ့နေသော၊ လမ်းပျောက်နေသော၊ ဘုရားသခင်ကို စိတ်မဝင်စားသော လူတိုအတွက်လည်း မျှော်လင့်ချက်ကိုဖြစ်စေသည်။ သခင်ယေရှုသည် မိမိ၏ဘေးနှစ်ဖက် ၌ ချိတ်ဆွဲထားခံရသောရာဇဝတ်သားကို ကယ်တင်နိုင်မည်ဆိုပါက ကျွန်ုပ်တိုစိုးရိမ်ပေးနေရသော ထိုလူတိုထံသိုလည်း ကယ်တင်ခြင်းရောက်နိုင်ပါသည်။အဘယ်သူကမျှ သခင်ယေရှု၏လက်လှမ်းမမီသောနေရာတွင် ရှိမနေကြပါ။
မည်သူမျှ သခင်ယေရှု၏မေတ္တာတော်နှင့် ကင်းကွာမနေပါ။ သခင်ယေရှုသည် ကိုယ်တော်တိုင် သေခြင်းတရားနှင့်ရင်ဆိုင်ရချိန်၌ပင် မိမိလက်လှမ်းမီသောလူတိုင်းကို ကယ်တင်နိုင်ရန် ကြိုးစားအားထုတ်နေတော်မူ၏။
ဤသူသည် ခမည်းတော်ထံသိုပြန်မည့် သခင်ယေရှုနှင့်အတူ ဘုရားသခင်၏ နိုင်ငံတော်ထဲသို လျှောက်လှမ်းဝင်ရောက်မည့် ပထမဆုံးသူဖြစ်လိမ့်မည်။ သ ခင်ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် ကယ်တင်ခြင်းခံရသော ဘီလီယံနှင့်ချီသောလူတိုတွင် ပထမဆုံးသူဖြစ်သည်။ သိုသော် သူသည် ကယ်တင်ခြင်းခံရသောနောက်ဆုံးသူမဟုတ်ပါ။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်သည် ............အတွက် စိုးရိမ်ပူပန်ပါ၏။ ကျွန်ုပ်ဂရုစိုက်ကူညီနေသော ဤသူထံသို ကိုယ်တော်၏ကရုဏာတော်နှင့် အသက်သစ်သည် သက်ရောက်မှုရှိစေတော်မူပါ။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• ခရစ်ယာန်မဟုတ်သူများကို ကောင်းစွာသိကျွမ်းပါသလား။
• သိကျွမ်းခြင်းမရှိပါက တစ်ချိုကို အဘယ်သိုသိ ကျွမ်းပြီး ချစ်နိုင်မည်နည်း။
• ထိုသိုဆိုပါက သူတိုကို ဘုရားသခင်၏အနီးအပါးသိုရောက်စေရန် မိမိကိုအသုံးပြုပါဟု ဘုရားသခင်ထံ တောင်းဆိုပါ။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion