About
အမှုပြီးပြီ။
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၃၀)
မည်သည့်အမှုပြီးမြောက်သွားသနည်း။။ အထင်ရှားဆုံးမှာ သခင်ယေရှု၏ဒုက္ခဝေဒနာများ ပြီးဆုံးသွားပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံသူ၏ ဝိ ညာဉ်ကို အပ်နှံပြီး အသက်စွန့်တော်မူသည်။
သိုရာတွင် သခင်ယေရှုသည် ထိုအမှုအရာထက်ပိုသောအဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့သည်ဟု ကျွန်တော်ထင် သည်။ ဤလောကထဲသို ကြွလာတော်မူခဲ့သောအရာအားလုံး၊ လူ့ဇာတိခံယူ၍ ကလေးငယ်တစ်ယောက်အနေဖြင့် ပဋိသန္ဓေတည်ပြီး မွေးဖွားလာခြင်း၊ သာ မန်မိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့ခြင်း၊ ထိုနောက် ဆောင်ရွက်ခဲ့သောဓမ္မအမှုတော်များ- သိုးထိန်းမရှိသောသိုးကဲ့သိုဖြစ်နေသောလူတိုကို သွန်သင်ပေးခြင်း၊ ကုသပေးခြင်းနှင့် ဂရုစိုက်ပေးခြင်းစသည့် ကြိုးစားအားထုတ်မှုအားလုံးပြီးမြောက်တော်မူခဲ့ပြီ။ ခရစ်ယာန်အသင်းတော်၏ အုတ်မြစ်ဖြစ်လာမည့်၊ ကျွန်ုပ်တို၏ကယ်တင်ရှင် သခင်ယေရှု၏သတင်း စကားကို ကမ္ဘာတစ်ဝှမ်းသို သယ်ဆောင်သွားရန် တာဝန်ရှိသော တပည့်များကို နှစ်ပေါင်းများစွာ လေ့ ကျင့်ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုအရာအားလုံးသည် ယခုပြီးဆုံးသွားလေပြီ။
ထိုထက်ပိုသော အကြောင်းအရာများရှိသေး၏။ ဘုရားသခင်သည် ဤကမ္ဘာကြီးကို လူတိုကိုမဖန်ဆင်းမီကအခြေအနေ၊ လူတို အပြစ်ထဲ မကျရောက်ခင် ထိုအချိန်အခိုက်အတန့်ကို သိမြင်ခဲ့တော်မူသည်။ ထိုကြောင့် ဘုရားသခင်မှ မေတ္တာတော်ဖြင့် ဒုက္ခခံစားရမည့်ခိုက်အတန့်ကို ဖြတ်သန်းဖို ရွေးချယ်တော်မူခဲ့ သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တိုသည် ဘုရား သခင်ကို သိကျွမ်းသော အသိဥာဏ်ကို သယ်ဆောင်ပြီး၊ သခင်ယေရှုကြွလာမည့်လမ်းကိုပြင်ဆင်ပေးသော တရားသူကြီးများ၊ ပရောဖက်များနှင့် သာမန်လူများအားလုံးမှတစ်ဆင့် အမှုတော်ကို ပြီးမြောက်စေတော်မူခဲ့သည်။ ဘုရားသခင်မှ သူတိုအားလုံး၏ အသက်တာထဲမှတစ်ဆင့် ဤအမှုပြီးဆုံးရသော အ ခိုက်အတန့်အထိ စဥ်ဆက်မပြတ်လုပ်ဆောင်တော်မူသည်။ ယခု ထိုအမှုအရာအားလုံးလည်း ပြီးဆုံးပြီး ပြည့်စုံသွားလေပြီ။
သခင်ယေရှုရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်းမတိုင်မီ အနားယူမည့် အချိန်တိုလေးရှိလိမ့် မည်။ ထိုနောက် လူမျိုးအပေါင်းတိုကို စုဝေးစေသောအမှုတော်ကိုစတင်မည်ဖြစ်ပြီး သခင်ယေရှုသည် ဘုန်းအသရေဖြင့် ကမ္ဘာမြေသို ပြန်၍ကြွလာပြီး ကျွန်ုပ်တိုအားလုံးကို ကောင်းကင်အိမ်သိုပြန်ခေါ်ဆောင်လာမည်အချိန်ထိ ဘူရားသခင်လုပ်ဆောင်ပေးတော်မူမည်။ သိုသော် ယခုတော့ မဟုတ်သေးပါ။
ဆုတောင်းချက်။ ။သခင်ဘုရား၊ ကျွန်ုပ်အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့်အမှုတော်များအ တွက် ကျေးဇူးတင်ပါ၏။ အာမင်။
သုံးသပ်ချက်မေးခွန်းများ-
• ရှည်လျားသောအစီအစဉ်တစ်ခု အောင်မြင်သွားပါကမည်သိုခံစားရသနည်း။
• ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်သည် ဤအရာနှင့်ပတ်သက်၍ မည်သိုခံစားရမည်ဟုထင်သနည်း။
• ယခု ကျွန်တော်တို မျှော်လင့်နေသော "အမှုပြီးပါပြီ" ဟူသော အခိုက်အတန့်မှာ အဘယ်နည်း။
#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion